KG သင်္ချာအခြေခံ၊ ကိန်းများ Number (5)
...
Kindergarten (KG)
ဒီ Post လေးကတော့ Page မှာ အမေးများတဲ့ မေးခွန်းလေးတွေကို အိမ်အိမ် က ပြန်လည်စုစည်းပြီး ဖြေထားပေးတာပါ။
=====
Q : Myanmar Basic Education Home ဆိုတာ ဘာလဲ
A:
အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေနဲ့
သတင်းအချက်အလက်များ၊ အခြေခံပညာသင်ကြားရေးအတွက်လိုအပ်သော သင်ထောက်ကူများ၊
စာအုပ်များကို မျှဝေပေးသွားမယ့် page ပဲ ဖြစ်ပါတယ်။
1.(Q)
အိမ်မှာ E-Mail က ကျနော့်မှာ တစ်ခုပဲရှိပါတယ်။ Email အကောင့်တစ်ခုနဲ့ ကလေး
(၃) ယောက်စလုံးကို ဒီတစ်ခုတည်းနဲ့ တစ်လှည့်စီ အပ်ပေးလို့ရပါသလား။
2.(Q)
အခုမှ Grade 1 တက်မယ့်သူကျတော့ စာရင်းသွင်းလို့မရဘူးဖြစ်နေပါတယ်ခင်ဗျာ;။
ကလေးက ၆ နှစ်ရှိနေပါပြီ။ KG ကိုမတက်ရသေးပါခင်ဗျား။ အခု Grade 1 မှာ
စာရင်းသွင်းချင်တာ သွင်းလို့မရဖြစ်နေလို့ပါခင်ဗျား။
3.(Q)
ကလေးက အသက်၆နှစ်ရှိပါပြီ KG က ကိုဗစ်ကြောင့်မတက်လိုက်ရပါဘူး Grade
1ကနိုင်ငံရေးကြောင့်မတက်လိုက်ရပါဘူးရှင့် ကျောင်းတွေတက်ရမည့်နေရာတွေမှာ
ဘာရေးရမှန်းမသိရပါရှင့် သိရှိသူပြန်လည်ဖြေကြားပေးစေချင်ပါတယ်
4.(Q)
Link ထဲ ၀င်ပြီးဖြည့်တာ အချက်အလက်တွေ အားလုံးဖြည့်ရပြီး I am not robot
အကွက်က မပါလာဘူး ရှင့် submit နှိပ်လိုက်တယ်ရလား? (I'm not robot
အကွက်မတွေ့ပါ။)
5.(Q) Link ထဲ ဝင်တာ ဝင်မရလို့ပါ/ဘာမှ ပေါ်မလာလို့ပါ
6.(Q) စအပ်ရမဲ့ကလေးကို ဘယ်ကျောင်းဖေါ်ပြရမှာပါလဲ
7.(Q) အစိုးရကျောင်းမဟုတ်ဘဲ အစိုးရအသိမှတ်ပြု private ကျောင်းမှာတက်ခဲ့တာမျိုးဆို ဘယ်လိုဖြည့်ရမလဲရှင့်
8.(Q) KG အပ်ဖို့ 2016 ခုနှစ်အတွက်မပါဘူးဖြစ်နေလို့ပါ။ဘယ်လို့လုပ်ရမလည်းခင်ဗျ
9.(Q) ကလေးတွေက email မရှိပါဘူးဘယ်လိုလုပ်ရမလဲ?
10.(Q) 10 တန်းအောင်တွေ အတွက်ရော? / အဆင့်မြင့်ပညာရေးအတွက်ရော/
11.(Q) အကုန်လုံးသေသေချာချာ ဖြည့်ပြီးပါပြီခင်ဗျ ဒါပေမယ့် စာရင်းသွင်းတာမအောင်မြင်ဘူးပဲ ပေါ်ပါတယ်ခင်ဗျ
12.(Q) Grade 7 လို့ဖြည့်ရမှာ Grade 6 လို့မှားဖြည့်လိုက်မိပါတယ် ပြန်editလုပ်လို့ရမလားရှင်
13.(Q) ဟုတ်ကဲ့ G-11 (စနစ်ဟောင်း)ကော စာရင်းပေးလို့ရပါသလားရှင့်
ဒီမေးခွန်းတွေထဲမှာ မပါဝင်ပဲ အခြားသိချင်တာတွေ ရှိသေးရင်လဲ comment မှာ အိမ်အိမ် ကို မေးခဲ့ပေးနော်
“ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ”
❝အမျိုးသားညီညွတ်ရေးအစိုးရ၊
ပညာရေးဝန်ကြီးဌာန၏ ကြားကာလနေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based
Learning) အစီအစဉ်” ဖြင့် အိမ်အိမ်နဲ့အတူ နေအိမ်အတွင်းမှာ
လုံခြုံပျော်ရွှင်စွာ စဉ်ဆက်မပြတ် စာတွေလေ့လာသင်ယူနိုင်ပါပြီ …
(၁) NUG MoE ရဲ့ Learning Channels တွေကို Join, Like & Follow လေး လုပ်ထားကြပါ။
(၂)
ဒီပို့စ်မှာအတူပါတဲ့ “အတန်းအလိုက် ဘာသာရပ်များသင်ယူမှုအချိန်ဇယားရေးဆွဲရန်
နမူနာပုံစံများ” နဲ့ “စာသင်ချိန်သီတင်းပတ်နှင့်သင်ခန်းစာလျာထားမှုပုံစံ”
များကို လေ့လာပါ။
(၃)
စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေတဲ့ NUG MoE ရဲ့ Learning Channels က
သင်ကြားမှုဗီဒီယိုများကို လူကြီးမိဘတွေနဲ့အတူ လုံခြုံပျော်ရွှင်စွာ
ပုံမှန်လေ့လာပါ။
(၄)
ဒီပို့စ်မှာအတူပါတဲ့ “သင်ယူစဉ်စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့်
စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ” လေးတွေကို နေ့စဉ်အသုံးပြုပြီး
မှတ်တမ်းလေးဆောင်ရွက်ပါ။
(၅)
သင်ယူရင်းအခက်အခဲတွေရှိလာရင် ရပ်ရွာမှာရှိတဲ့ လူကြီးမိဘတွေ၊ ဆရာ/မတွေကို
မေးမြန်းခြင်း၊ Myanmar Basic Education Home Facebook Page ရဲ့ သက်ဆိုင်ရာ
အတန်းအလိုက် Group တွေမှာ အခက်အခဲတွေ အတူဖြေရှင်းနိုင်ပါတယ်။
(၆)
NUG MoE ရဲ့ အခြေခံပညာရေးဆိုင်ရာမူဝါဒများနှင့် သတင်းအချက်အလက်များကို
Bluemark အမှတ်အသားပါတဲ့ Myanmar Basic Education Home Page မှာ
အမြဲမပြတ်လေ့လာနိုင်၊ မသိလိုက်သေးရင်လည်းပို့စ်တွေကိုပြန်လည်ဖတ်ရှုနိုင်၊
အကြံပြု Comments ရေးသားနိုင်ပါတယ်။
(၇)
ဒီလိုလေးပုံမှန်လုံခြုံပျော်ရွှင်စွာသင်ယူထားရင်
အိမ်အိမ့်သူငယ်ချင်းလေးတွေက အသက်အရွယ် အတူတူကျောင်းသား/သူအားလုံးရဲ့
ကျွမ်းကျင်တတ်မြောက်မှုများ (Skills and Competencies) တွေကို
အခွင့်အရေးတန်းတူညီမျှစွာ တပြေးညီအားလုံး ပြန်လည်ဆန်းစစ်အကဲဖြတ်ပြီး
တက်ရောက်ရမယ့် အတန်းအတွက်သင်ယူမှုအဆင်သင့်ဖြစ်စေရန်နဲ့
သင်ယူတတ်မြောက်မှုအတိုင်းအတာအလိုက်
လိုအပ်တဲ့ပံ့ပိုးသင်ကြားမှုများဆောင်ရွက်ပေးသွားမယ့် ကြားကာလအလွန်
တရားဝင်ပြည်သူ့အစိုးရ၏ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးယန္တရားစတင်ချိန်မှာ
အိမ်အိမ့်သူငယ်ချင်းလေးတွေက အတန်းအဆင့်တွေအတွက် စိုးရိမ်ပူပန်နေစရာမလိုဘဲ
အဆင်သင့်ဖြစ်နေကြမှာပဲ ဖြစ်ပါတယ်။
NUG MoE ရဲ့ Learning Channels တွေအဖြစ် Moodle, Facebook, Telegram,
Viber နှင့် YouTube ဆိုတဲ့ Channels (၅) ခုမှ စဉ်ဆက်မပြတ်
ထုတ်လွှင့်ပေးလျက်ရှိပြီး မိမိတို့နှင့်အဆင်ပြေကိုက်ညီသည့် Channel ကို
ရွေးချယ်၍ အတန်းအလိုက် သင်ခန်းစာများကို ရယူလေ့လာနိုင်ပါတယ်။
Moodle Learning Platform (Textbooks and Teacher’s Guide များနှင့်
နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်စာအုပ်များကို
ရယူနိုင်မည်ဖြစ်ပါသည်)
နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊
ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based
Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့်
မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
❝ဖေဖေ၊
မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့နဲ့ သူငယ်ချင်းတို့ရေ .. အခြေခံပညာရေးဆိုင်ရာ
မူဝါဒများနှင့် သတင်းအချက်အလက်များကို အပေါ်မှာ ဖော်ပြထားခဲ့တဲ့ Learning
Channelsတွေနဲ့ Bluemark အမှတ်အသားပါတဲ့ Myanmar Basic Education Home Page
(https://m.facebook.com/BE.moeNUG/) မှာ စဉ်ဆက်မပြတ် တင်ပေးသွားမှာ ဖြစ်တဲ့အတွက် Join, Like & Follow လေးလုပ်ထားကြပါနော် ❞
သူငယ်ချင်းတို့ရေ .. အိမ်အိမ်နဲ့အတူ နေအိမ်အတွင်းမှာ လုံခြုံပျော်ရွှင်စွာ စာတွေလေ့လာကြမယ်နော် …
❝အထက်ဖော်ပြပါ
NUG MoE Learning Channels တွေမှာ ထုတ်လွှင့်လျက်ရှိတဲ့
သင်ကြားရေးရင်းမြစ်များကို အခကြေးငွေပေးသွင်းစရာမလိုဘဲ
ရယူလေ့လာနိုင်မှာဖြစ်ပြီး အင်တာနက်မရရှိသောဒေသများသို့လည်း ရောက်ရှိအောင်
စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေနှင့်လည်း အင်တာနက်မရရှိသော
ဒေသများသို့ NUG MoE Learning Channels မှ သင်ကြားရေးရင်းမြစ်များကို
မိမိတို့လက်လှမ်းမီနိုင်သမျှ ကူညီဆက်လက်ဖြန့်ဝေပေးပါရန်လည်း အလေးအနက်
တိုက်တွန်းပန်ကြားအပ်ပါတယ်။❞
..
KG အတွက် Facebook Group >>> https://www.facebook.com/groups/kg.moe/
..
မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
..
အလွယ်တကူ တစုတစည်းတည်း လေ့လာနိုင်ရန် ရည်ရွယ်ပါသည်။
၎
င
၎
၎
Post a Comment